ချင်းရိုးရာ အစားအသောက်များ

အရသာထူးကဲပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာများ

Kachin Chicken Curry

ဆာဗူးသီး

👨‍🍳 ပြုလုပ်ပုံ:

ပြောင်းဖူးစေ့ခြောက်များ ကွဲသွားသည်အထိဆုံထဲတွင် ထောင်းပြီး အမှုန်အမွှားကင်းစင်အောင် သန့်စင်ပြီးလျှင် ရေနွေးပွက်ပွက်ဆူထဲကို ထည့်ပြုတ်ပါ။ အသားကိုလည်း အနေတော်လှီးပြီး ပြုတ်ပါ။ နူးလာသော အသားများကို ဆန်ပြုတ်ကဲ့သိုဖြစ်လာအောင် ကြိုထားသည့်ပြောင်းဖူးပြုတ်ထဲသိုထည့်ပါ။ ပြီးလျှင် အရသာ အပေါ့အငန်ထည့်ပြီးပါက ဆာဘူးသီးဟင်းလျာ ဖြစ်လာပါသည်။ကြက်သွန်နီ၊ ငရုတ်သီးအကျက်မှုန့်၊ ဂျင်းနှင့် သျှားနံနံ ရောထောင်းထားသော ငရုတ်သီးထောင်းနှင့်စားသုံးပါက အစပ်အဟပ်တည့်ပြီး အသားတုံးကြော်​ ဖြင့်တွဲဖက်စားသုံးလျှင်လည်း အရသာရှိပြီး ပြီးပြည့်စုံပါသည်။

🌿 ကျန်းမာရေးကောင်းကျိုး:

ပြောင်းဖူးတွင်ပါဝင်​သော နှလုံးရောဂါ၊ ကင်ဆာရောဂါတွေကိုကာကွယ်ပေးသည့် ဓာတ်များကို ရရှိပြီး​ သွေးတွင်းကိုလက်စထရောကိုကျ​စေခြင်း၊ မှတ်ဉာဏ်၊ အမြင်အာရုံကောင်းစေခြင်းစသော အကျိုးများရရှိစေပါသည်။ ဆီမပါသောကြောင့် ဝိတ်ချနေသူများအတွက် စားသုံးသင့်သည့်အစားအစာတစ်မျိုးလည်းဖြစ်ပါသည်။ ထိုအပြင် ဆီးချို ရောဂါသည်များလည်း စားသုံးနိုင်ပါသည်။

🌿ပါဝင်ပစ္စည်းများ

ပြောင်းဖူးခြောက် အသား( နွားနောကသား၊၊ အမဲသား၊ အသားတစ်မျိုးမျိုး) ဂျင်း၊ ကြက်သွန်နီ၊ ဂျင်း၊ သျှားနံနံ၊ ငရုတ်သီးမှုန့်

🌿သမိုင်းကြောင်း

ချင်းစကားအရ "ဆာ" (အသား) နှင့် "ပူးတွီး/ဗူးသီး" (ပြောင်းဖူးပြုတ်ရည်) ဟု အဓိပ္ပာယ်ရပြီး အသားနှင့် ပြောင်းဖူးကို ရောပြုတ်ထားသော အစားအစာဖြစ်သည်။ရှေးယခင်က ချင်းတောင်တန်းဒေသတွင် ဆန်စပါး ရှားပါးပြီး ပြောင်းဖူးကိုသာ အဓိကစိုက်ပျိုးနိုင်ခဲ့ရာမှ ဆန်အစားထိုး ပင်မအစာအဖြစ် တီထွင်စားသုံးခဲ့ကြခြင်း ဖြစ်သည်။ယခင်က ပင်မအစာ (ထမင်းသဖွယ်) စားသုံးခဲ့သော်လည်း ယခုအခါတွင် လူကြိုက်များသော ရိုးရာအဆာပြေ (Snack) တစ်မျိုးအဖြစ် ပြောင်းလဲစားသုံးလာကြသည်။

Kachin Chicken Curry

နွားနောက်သားသုပ်

👨‍🍳 ပြုလုပ်ပုံ:

အိုးထဲသို နွားနောက်သားခြောက်ကို ရေဖုံးရုံထည့်ကာ ညှီနံ့ ပျောက်အောင် ဂျင်းကိုထောင်းပြီး ထည့်ပြုတ်ထားရပါမည်။ ပြုတ်ထားစဉ် ငရုတ်သီးစိမ်း၊ ဂျင်းတိုကို ထောင်းထားပါ။ ထိုနောက် ကြက်သွန်နီ၊ ဖက်ဖယ်ရွက်၊သံပုရာသီးတိုကို ပါးပါးလေး လှီး ထားရပါမည်။ နွားနောက်သားနူးလာပြီဆိုပါက အအေးခံ၍ အနည်းငယ်ထောင်းပြီး မွရပါ မည်။ နွားနောက်သားမွသွားပါက အသင့်ပြုလုပ်ထားသည့် ပန်းကန်လုံးထဲကို မွထားသည့် နွားနောက်သားနှင့် အသင့်ပြုလုပ်ထားသည့်ပစ္စည်းများကို ရောပြီးသုပ်ပါ။ ထိုအခါ အချိန် အခါမရွေး စားသုံးနိုင်ပြီး အနံ့အရသာနှင့်ပြည့်စုံသည့် ချင်းရိုးရာ နွားနောက်သားဟင်းကို ရရှိမည်ဖြစ်ပါသည်။

🌿 ကျန်းမာရေးကောင်းကျိုး:ဆိုးကျိုး-

ချင်းနွားနောက်သားခြောက်သည် အဆီနည်းပြီး ပရိုတင်းဓာတ်မြင့်မားကာ၊ အမဲသားထက် ပိုမိုနူးညံ့၍ အနံ့စူးရှမှုနည်းသည်။ ချင်းပြည်နယ်၏ သဘာဝအတိုင်း လွှတ်ကျောင်းထားသောကြောင့် အာဟာရပြည့်ဝပြီး၊ ဂျင်း၊ ဖက်ဖယ်ရွက်တိုနှင့် တွဲဖက်သုတ်စားခြင်းဖြင့် အသက်ရှူလမ်းကြောင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေကာ အရသာရှိသော ဒေသထွက် အစားအစာတစ်ခု ဖြစ်သည်။

🌿ပါဝင်ပစ္စည်းများ

၁။ နွားနောက်သားခြောက် ၂။ ဖက်ဖယ်ရွက် ၃။ ဂျင်း ၄။ ကြက်သွန်ဖြူ ၅။ သံပုရာသီး ၆။ ငရုတ်သီးစိမ်း ၇။ ဆား

🌿သမိုင်းကြောင်း

နွားနောက်သားခြောက်သည် ချင်းပြည်နယ်၏ ထင်ရှားသောရိုးရာ အစားအစာတစ်ခုဖြစ်ပြီး၊ မင်္ဂလာဆောင်၊ ဘာသာရေးပွဲများနှင့် အရေးကြီးသောပွဲလမ်းသဘင်များတွင် ဧည့်ခံကျွေးမွေးလေ့ရှိသော တန်ဖိုးထားရသည့် အစားအစာလည်း ဖြစ်သည်။

Kachin Chicken Curry

ချင်းရိုးရာခေါင်ရည်

👨‍🍳 ပြုလုပ်ပုံ:

ကောက်ညှင်းဆန်ကိုကျက်အောင်ချက်ပြီး ဖျာပေါ် တွင် (၄) နာရီခန့် ​​ဖြန့်​၍အအေး ခံပါ။ တဆေး များ ကို ထောင်းပြီး အအေး ခံထားသော ကောက်ညှင်း အပေါ် ဖြူး ၍​နယ်ပါ။ နှယ်ပြီး သော ကောက်ညှင်း များကို မြေအိုး ထဲသို ထည့်ပါ။ လေလုံ အောင် ဖက်ရွက်၊ အင်ဖက် ရွက် တိုဖြင့် ပိတ်ပါ။ ဖက်ရွက် အိုး နှုတ်ခမ်း အပေါ် သိုတက်မလာစေရန်နှီးဝါးဖြင့် လေးကွက်ကျားယက် လုပ်ပြီး ပြန်ပိတ်ရန်လိုပါသည်။ ၂- ရက် လောက်ကြာလျှင် အဖုံး ကို ဖွင့်ပြီး၊ ထန်းလျှက်ကို အလုံးလိုက် ထည့်ပါ။ ပြီးလျှင် ယခင် ဖုံးသည့်အတိုင်း ပြန်ဖုံးပါ။ ၄-ရက်၊ -၅ ရက် ကြာလျှင် စတင် အသုံး ပြု နိုင်ပြီ။

🌿 ကျန်းမာရေးကောင်းကျိုး:ဆိုးကျိုး-

ဓာတုပစ္စည်းများမပါဝင်​သော ခေါင်ရည်သောက်သုံးခြင်းဟာ ကျန်းမာရေးနှင့်ပတ်သက်ပြီး ကောင်းမွန်သော ရလဒ်များပေးသည်ဟု သုတေသနစာတမ်းများဖြင့်အတည်ပြုထားခြင်းမရှိပေ။

🌿ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန် တဆေး ထန်းလျှက် မြေအိုး ဝါးပိုက်

🌿သမိုင်းကြောင်း

ချင်းရိုးရာခေါင်ရည်သည် ချင်းတိုင်းရင်းသားတို၏ အမြတ်တနိုးထားရ​သော အမျိုးသားသင်္ကေတဖြစ်ပြီး အရက်အနွယ်ဝင် အရည်တစ်မျိုးဖြစ်သည်။ ယခင်က ချင်းတိုတွင် စာချုပ်စာတမ်းများမရှိ၍ ခေါင်ရည်တစ်ခွက်ဖြင့် ကတိပြုကြသည်။ ခေါင်ရည်ကို အလေးထားဆောင်ရွက်ရသော ကိစ္စရပ်များတွင်သာမက ပျော်ပွဲရွှင်ပွဲများတွင်လည်း အသုံးပြုကြသည်။

Kachin Chicken Curry

ချင်းရိုးရာပြာဟင်း

👨‍🍳 ပြုလုပ်ပုံ:

ပြာဟင်းတစ်အိုးချက်မယ်ဆိုရင် အဓိကအရေးကြီးဆုံးက ပြာအကြည်ရည်ဖြစ်ပါတယ် ။ပြာရည်ပြုလုပ်ရာမှာ အသုံးအများဆုံးက ၀ါးပြာဖြစ်ပါတယ်။နေခြောက်လှန်းပြီးတာနဲ့ ပြောင်တလင်းခါနေတဲ့မြေပြင် (သို) သံပြားပေါ်မှာ မီးရှိရပါတယ် မီးရှိပြီးလိုရလာတဲ့ ပြာတွေကို ရေနဲ့ဖျော်ပြီး မွှေရပါတယ်၊ ပြီးကျမှ အနယ်ထိုင်သွားအောင် ၃/၄နာရီလောက် ထားပါတယ်။ပြာရည်ကြည်လေးတွေကို စစ်ထုတ်ပါတယ်။ - ဦးစွာ အသားကို အတုံးသေးသေးတုံးပြီး ချင်း (ဂျင်း)၊ ကြက်သွန်ဖြူ ဓားပြားရိုက်တိုနှင့်အတူ ပြာရည်ထည့်ကာ နူးအောင် ပြုတ်ပါ။ (အသားခြောက်ဆိုလျှင် ရေနွေးစိမ်ပြီးမှ သုံးပါ)။ - အသားနူးပြီဆိုလျှင် မာတဲ့အသီးအနှံတွေဖြစ်တဲ့ ကန်စွန်းဥ၊ ပိန်းဥ တိုကို အရင်ထည့်ချက်ပါ။ပီးမှ အသီးအရွက်များကို ထည့်ပါ ငရုတ်သီးစိမ်း (ဓားပြားရိုက်)၊ ဟင်းခတ်မှုန့်တိုကို ထည့်ပါ။ - နောက်ဆုံးတွင် ကန်စွန်းရွက် သိုမဟုတ် နံနံပင် အုပ်လိုက်ပါ။

🌿 ကျန်းမာရေးကောင်းကျိုး:ဆိုးကျိုး-

ဆီပြန်ဟင်းများကဲ့သို ဆီများများအသုံးပြုစရာမလိုဘဲ ရိုးရိုးပြုတ်ချက်ခြင်းဖြစ်၍ အဆီနည်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည်။ ပါဝင်သော ဂျင်း(ချင်း)သည် အစာခြေစနစ်ကို အထောက်အကူပြုပြီး အစာကြေလွယ်စေသည်။ ပြာရည်၊ ငရုတ်သီးတိုဖြင့် ချက်ပြုတ်ထားသဖြင့် အရသာစူးရှထက်မြက်ပြီး ထမင်းမြိန်စေသော ဟင်းလျာဖြစ်သည်။ ဒေသထွက်အရွက်များ၊ အသားများပါဝင်သဖြင့် ရိုးရာအာဟာရများစွာ ရရှိနိုင်သည်။

🌿ပါဝင်ပစ္စည်းများ

ပြာရည်ကြည်(၀ါးပင်အပြင်၊ ငှက်ပျောပင်၊ ငှက်ပျောခွံ၊အုန်းခွံ၊နှမ်းပင်၊ အုန်းနှဲပင် စတဲ့အပင် မှ) ၊ ပိန်းဥ၊ကန်စွန်းဥ၊ ကြက်သား(သိုမဟုတ်)ဝက်သား၊ဟင်းသီးဟင်းရွက်များ၊ အချိုမှုန်၊ အရသာမှုန့်၊ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း

🌿သမိုင်းကြောင်း

အရင်က ချင်းလူမျိုးများတွင် အသားဟင်းကို မကြာခဏမချက်နိုင်သည့်အတွက် နေ့ထူးနေ့မြတ်များတွင် အသားအနည်းငယ်ကို ပြာရည်များများဖြင့် ဟင်းအရည်များများ ရအောင်ချက်ရာမှ ပေါ်ပေါက်လာသည်။ ပြာရည်၏ မွှေးပျံ့သည့်အရသာနှင့် အသား၏ချိုမြိန်မှုပေါင်းစပ်ထားပြီး ရိုးရှင်းသော်လည်း ကျန်းမာရေးနှင့်ညီညွတ်သည်။ ချင်းပြည်နယ်မြောက်ပိုင်းထက် တောင်ပိုင်းနှင့် မြေပြန့်ဒေသ (မင်းပြား၊ မြေပုံ၊ ပဲခူး၊ ပြည်) တိုတွင် ပိုမိုချက်ပြုတ်စားသောက်ကြသည်။ ချင်းရိုးရာပွဲတော်များနှင့် ဟင်းသစ်စားပွဲတော်များတွင် မပါမဖြစ်ဟင်းလျာတစ်ခွက်ဖြစ်သည်။