ရခိုင်ရိုးရာ အစားအသောက်များ

အရသာထူးကဲပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာများ

Rakhine Chicken Curry

ရခိုင်မုန့်တီ

👨‍🍳 ပြုလုပ်ပုံ:

ငါးကို စပါးလင်၊ နနွင်းတိုနဲ့ ပြုတ်ပြီး အသားနွှင်ထားပါ။ ​ ငါးပြုတ်ရည်ထဲကို ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းနဲ့ ငါးပိတိုထည့်ပြီး အရသာရှိအောင် ကျိုပေးပါ။ ​ပန်းကန်ထဲမှာ မုန့်တီဖတ်ထည့်၊ အပေါ်ကနေ နွှင်ထားတဲ့ ငါးသားနဲ့ ဟင်းရည်ပူပူလေးကို ဆမ်းပါ။ ငရုတ်သီးစိမ်းထောင်းနဲ့ သံပရာသီးညှစ်ပြီး စပ်စပ်လေး သုံးဆောင်နိုင်ပါပြီ။

🌿 ကျန်းမာရေးကောင်းကျိုး:

ကျန်းမာရေးနှင့် ညီညွတ်ခြင်း: ဆီ လုံးဝမပါသလောက် နည်းတဲ့အတွက် အဝလွန်ခြင်းကို မဖြစ်စေဘဲ အစာကြေလွယ်ပါတယ်။ ​အအေးမိခြင်းကို ပျောက်ကွယ်စေခြင်း: ငရုတ်ကောင်းနဲ့ ငရုတ်သီးစပ်စပ်လေး ပါဝင်တဲ့အတွက် နှာစေး၊ ချောင်းဆိုးနဲ့ အအေးမိနေသူတွေ စားသုံးရင် နေလိုကောင်းစေပါတယ်။ ​ဆိုးကျိုး: ​အစာအိမ်ထိခိုက်နိုင်ခြင်း: အလွန်အမင်း စပ်အောင် ချက်စားတတ်ကြတာကြောင့် အစာအိမ်ရောဂါရှိသူတွေအတွက် ဗိုက်နာတာမျိုး ဖြစ်တတ်ပါတယ်။ ​ငါးပိကြောင့် ယားယံခြင်း: ငါးပိနဲ့ မတည့်သူတွေ ဒါမှမဟုတ် အလာဂျီ (Allergy) ရှိသူတွေမှာ ယားယံတာမျိုး ဖြစ်ပေါ်စေနိုင်ပါတယ်။

🌿 ပါဝင်ပစ္စည်းများ

မုန့်တီဖတ် (ဆန်အချဉ်ဖတ်)၊ ငါး (ငါးရွှေ သိုမဟုတ် ငါးပုဏ္ဏား)။ ​ဟင်းရည်အနှစ်: ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ဂျင်း။ ​အနံ့အရသာ: ရခိုင်ငါးပိ (အဓိကကျပါတယ်)၊ ငရုတ်သီးစိမ်းထောင်း၊ သံပရာသီး။ ​အမြှုပ်: ငါးဖယ်ကြော်၊ အာလူးကြော်၊ နံနံပင်။

🌿သမိုင်းကြောင်း

​ရခိုင်မုန့်တီဟာ ရခိုင်ပြည်နယ်ရဲ့ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ ရှေးယခင်ကတည်းက စတင်ပေါ်ပေါက်လာခဲ့တာပါ။ ရခိုင်လူမျိုးတိုဟာ ပင်လယ်စာနဲ့ ငါးကို အဓိကထား စားသုံးကြသူများဖြစ်တာကြောင့် လတ်ဆတ်တဲ့ ပင်လယ်ငါးတွေကို အသုံးပြုပြီး အဆီအဆိမ့်မပါဘဲ စပ်စပ်လေးချက်စားရာကနေ ရိုးရာအစားအစာ ဖြစ်လာခဲ့ပါတယ်။ အခုအခါမှာတော့ မြန်မာတစ်နိုင်ငံလုံးက လူကြိုက်များတဲ့ အစားအစာတစ်ခု ဖြစ်နေပါပြီ။

Rakhine Chicken Curry

သီးစုံရခိုင်လှော်ဟင်း

👨‍🍳 ပြုလုပ်ပုံ:

ပထမဦးဆုံး ငရုတ်သီးစိမ်းကို အညှာခြွေ၊ ရေအနည်းငယ်ထည့်ပြီး နူးနေအောင် ပြုတ်ပေးထားပါ။ ပြီးလျှင် ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီးတိုကို ရေဆေးပြီး တစ်တစ်ဆစ်ခန့် လှီးဖြတ်ထားပါ။ ပြီးနောက် ပြုတ်ထားတဲ့ ငရုတ်သီးများ နူးနေလျှင် ညက်အောင်ထောင်းပေးပါ။ ပြီးရင်တော့ တည်မည့်အိုးထဲသို လှီးဖြတ်ထားသော အသီးများအပြင် ငရုတ်သီးထောင်း၊ ပုစွန်ခြောက်၊ ငါးပိနှင့် ဟင်းခတ်မှုန့်တိုထည့်၍ အဖုံးအုပ်ပြီး တည်ပေးထားပါ။ ပြီးလျှင် အဖုံးဖွင့်ပြီး မွှေပေးထားပါ။ ပြီးနောက် ငရုတ်ကောင်းမှုန့်လေးအနည်းငယ်ထည့်၍ မွှေပေးထားပါ။ ပြီးရင်တော့ အလွန်အရသာရှိတဲ့ စပ်စပ်လေး သီးစုံရခိုင်လှော်ဟင်းလေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

🌿 ပါဝင်ပစ္စည်းများ

ရုံးပတီသီး ပဲတောင့်ရှည် ခရမ်းသီး ငရုတ်သီးစိမ်း ငါးပိ ပုစွန်ခြောက် ဟင်းခတ်မှုန့် ငရုတ်ကောင်းမှုန့်

Rakhine Chicken Curry

ငါးချဉ်သုပ်

👨‍🍳 ပြုလုပ်ပုံနှင့် ပါဝင်ပစ္စည်းများ

ငါးချဉ်သုပ် (ငါးချင်းသုတ်) ချက်နည်းအတွက် ပါဝင်ပစ္စည်းများ ငါးအသားလွှာများ : ချက်ပြုတ်ပြီး အလွှာလိုက်လှီးထားသော ငါးများသည် သုပ်အတွက် အဓိကပရိုတင်းဓာတ်ကို ပေးစွမ်းသည်။ ဂေါ်ဖီထုပ် : ကြွပ်ရွသော အသားထည့်ရန် ပါးပါးလှီးထားပါ။ မုန်လာဥနီ : ချိုမြိန်ပြီး ကြွပ်ရွသော အရသာအတွက် ဂျူလီယန်နယ်ထားသည်။ ငါးငံပြာရည် : အနှစ်ကို ငန်ပြီး umami အရသာထည့်ပေးသည်။ သံပုရာရည် : ဟင်းလျာကို ဟန်ချက်ညီစေသော အချဉ်ဓာတ်ပါဝင်မှုကို ပေးစွမ်းသည်။ သကြား : ဆော့စ်ကို ချိုမြိန်စေပါသည်။ ငရုတ်သီးအချပ်များ : သုပ်ကို စပ်သောအရသာ ယူဆောင်လာပေးသည်။ မြေပဲမှုန့် : ကြွပ်ရွသော အသားနှင့် အခွံမာသီးအရသာကို ပေါင်းထည့်ပေးသည်။ နံနံပင် : လတ်ဆတ်သော၊ ဆေးဖက်ဝင်အပင်အရသာအတွက် ပါးပါးလှီးထားသည်။

Rakhine Chicken Curry

ပြည်ကြီးငါးသုပ်

👨‍🍳 ပြုလုပ်ပုံ:

ပထမဆုံး ပြည်ကြီးငါးကို ရေဆေးသန့်စင်ပါ။ ပြီးလျှင်လည်း ဆားနှင့်နယ်ပြီး ရေကို အထပ်ထပ်ဆေး၍ သန့်စင်ပြီး ရေစစ်ထားပါ။ ပြီးနောက် ဒယ်အိုးအထဲတွင် ရေစစ်ထားသည့် ပြည်ကြီးငါးများကိုထည့်ကာ မီးပြင်းပြင်းဖြင့် အပါ်ရံတင်းရုုသာ ခဏအိုးပူတိုက်ပေးပါ။ အိုးပူတိုက်ထားသော ပြည်ကြီးငါးများကို ဒယ်အိုးထဲမှ ထုုတ်ပြီး အအေးခံပါ။ ပြီးလျှင် ဒယ်အိုးထဲတွင် ကျန်နေသည့် ပြည်ကြီးငါး အရည်များကို အနည်းငယ် ကျန်သည်အထိ ဆက်တည်ပေးထားပါ။ ပြီးရင်တော့ ငရုပ်ဆုံထဲတွင် လှော်ထားသော ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ငပိစိမ်းစားနှင့် တွဲထောင်းပါ။ ပြီးလျှင် ထောင်းထားသော ပါဝင်ပစ္စည်းများ အားလုံးနှင့် ပြည်ကြီးငါးအရည်များကို ဇလုံထဲ ထည့်၍ သုပ်လိုက်ပါ။ အပေါ့အငန်အတွက် ပုစွန်ငံပြာရည်ထည့်ပြီးလျှင်တော့ အပေါ်မှ နံနံပင်နှင့် ငရုတ်ကောင်းမှုန့်ဖြူးပြီးရင်တော့ ရခိုင်စတိုင် ချဉ်စပ် ပြည်ကြီးငါးသုပ်လေးက ခံတွင်းတွေ့စေမှာဖြစ်ပါတယ်။

🌿 ပါဝင်ပစ္စည်းများ

ပြည်ကြီးငါး ၊ငပိစိမ်းစား ၊သခွားသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုစွန်ငံပြာရည်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပရာရည်၊ ငရုတ်ကောင်းမှုန့်