ကရင်ရိုးရာ အစားအသောက်များ
အရသာထူးကဲပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာများ
တာလဘောဟင်း
👨🍳 ပြုလုပ်ပုံ:
ရေဆူဆူမှာ ငါးခြောက် (သို) အသားကို အရင်ပြုတ်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံနဲ့ မျှစ်ကို ထည့်ချက်ပါ။
အရွက်တွေ နူးအိလာပြီဆိုရင် ဆန်မှုန့်ကို ရေဖျော်ပြီး ဟင်းအိုးထဲ လောင်းထည့်ကာ ပစ်ပစ်လေးဖြစ်အောင် မွှေပေးပါ။
ငရုတ်သီးစိမ်းထောင်းနဲ့ ဝါးတီးတိုထည့်ပြီး အစပ်အရသာလေးရအောင် ပြုလုပ်ပါ။
🌿 သမိုင်းကြောင်း
တာလပေါဟင်းဟာ ကရင်လူမျိုးတို တောတောင်ထဲမှာ နေထိုင်စဉ်ကတည်းက စတင်ခဲ့တာပါ။ "တာလပေါ" ဆိုတဲ့ အဓိပ္ပာယ်က "အာဟာရဖြစ်စေပြီး ဗိုက်ဝစေတဲ့ဟင်း" လို ယူဆကြပါတယ်။ ရှေးယခင်က တောင်ယာလုပ်ငန်းခွင်သွားတဲ့အခါ တောထဲကရတဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကို အသားအနည်းငယ်နဲ့အတူ ဆန်မှုန့်ထည့်ပြီး ပစ်ပစ်လေးချက်စားရာကနေ ပေါ်ပေါက်လာတာပါ။ ကရင်လူမျိုးတိုရဲ့ ရိုးသားဖြူစင်တဲ့ လူနေမှုဘဝကို ဖော်ပြတဲ့ ဟင်းတစ်ခွက်လည်း ဖြစ်ပါတယ်။
🌿ပါဝင်ပစ္စည်းများ
အဓိကအသီးအရွက်: မျှစ် (ဒါက အဓိကပါ)၊ ကန်စွန်းရွက်၊ ဗူးညွန့်၊ မုံလာရွက် စတဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ။
အသား: ငါးခြောက် (သို) အသားခြောက် (သို) ပုစွန်ခြောက်။
အနှစ်: ဆန်မှုန့် (ဟင်းရည် ပစ်ပစ်လေးဖြစ်စေဖို)။
အမွှေးအကြိုင်: ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဝါးတီး (ကရင်ငရုတ်ကောင်း)။
🌿 ကျန်းမာရေးကောင်းကျိုး၊ဆိုးကျိုး
ကျန်းမာရေးနှင့် ညီညွတ်ခြင်း: ဆီ လုံးဝမပါသလောက် နည်းပြီး ဟင်းသီးဟင်းရွက်တွေ အများကြီးပါဝင်လို အမျှင်ဓာတ် (Fiber) ကြွယ်ဝပါတယ်။
ကိုယ်အလေးချိန် လျှော့ချနိုင်ခြင်း: အဆီမပါဘဲ ဗိုက်ဝစေတဲ့အတွက် ဝိတ်ချနေသူတွေအတွက် အကောင်းဆုံးဟင်းပါ။
ဆီးချိုသမားများ သတိထားရန်: ဆန်မှုန့်အနှစ် ပါဝင်တဲ့အတွက် ဆီးချိုတက်နေသူတွေ အလွန်အကျွံ မစားသင့်ပါဘူး။
မျှစ်ကြောင့် အဆစ်အမြစ်ကိုက်ခြင်း: မျှစ်နဲ့ မတည့်သူတွေ၊ အဆစ်အမြစ် ကိုက်ခဲတတ်သူတွေ သတိထားစားသုံးသင့်ပါတယ်။
Bachelor's Salad ( လူပျိုသုပ်)
👨🍳 ပြုလုပ်ပုံ:
ရေဆူဆူမှာ ငါးခြောက် (သို) အသားကို အရင်ပြုတ်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံနဲ့ မျှစ်ကို ထည့်ချက်ပါ။
အရွက်တွေ နူးအိလာပြီဆိုရင် ဆန်မှုန့်ကို ရေဖျော်ပြီး ဟင်းအိုးထဲ လောင်းထည့်ကာ ပစ်ပစ်လေးဖြစ်အောင် မွှေပေးပါ။
ငရုတ်သီးစိမ်းထောင်းနဲ့ ဝါးတီးတိုထည့်ပြီး အစပ်အရသာလေးရအောင် ပြုလုပ်ပါ။
🌿 သမိုင်းကြောင်း
လွတ်လပ်ရေးရပြီးခေတ်မှာ ကရင်ပြည်နယ်ဟာ သူပုန်တွေ၊ ဓားပြတွေ ပေါများခဲ့ပါတယ်။ လူပျိုလူလွတ်တွေဟာ ညဘက်မှာ ရွာကို ကင်းလှည့်ရပါတယ်။ ဗိုက်ဆာရင် ကြက်သားသုပ် လုပ်ကြပါတယ်။လူပျိုတွေက အလွယ်တကူ ရနိုင်တဲ့ပစ္စည်းတွေနဲ့ လုပ်စားလာတဲ့ ဟင်းတစ်မျိုးပါ။ လူပျိုသုပ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့ကြတာပါ။အစားအစာကို မျှဝေစားသောက်တဲ့ယဉ်ကျေးမှု ကို ထင်ဟပ်တယ်။ ကရင်အစားအစာကို ကိုယ်စားပြုတဲ့ ဟင်းတစ်မျိုးအဖြစ် တန်ဖိုးထားခံရနေပါတယ်။အသုပ်မှာ ကြက်သားနုတ်နုတ်စင်း၊ ငရုတ်သီးခြောက်၊ နံနံပင်တွေ ပါဝင်ပြီး သံပုရာရည်နဲ့ နယ်ထားပါတယ်။ လုပ်ရတာလွယ်ကူပြီး စားလိုလည်းကောင်းပါတယ်။
🌿ပါဝင်ပစ္စည်းများ
အဓိကအသီးအရွက်: မျှစ် (ဒါက အဓိကပါ)၊ ကန်စွန်းရွက်၊ ဗူးညွန့်၊ မုံလာရွက် စတဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ။
အသား: ငါးခြောက် (သို) အသားခြောက် (သို) ပုစွန်ခြောက်။
အနှစ်: ဆန်မှုန့် (ဟင်းရည် ပစ်ပစ်လေးဖြစ်စေဖို)။
အမွှေးအကြိုင်: ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဝါးတီး (ကရင်ငရုတ်ကောင်း)။
ခေါ်ပြင်/ ခွက်ပြင်မုန့်
👨🍳 ပြုလုပ်ပုံ:
မုန့်လုပ်နည်း
- ဆန်မှုန့် + ရေ + ဆား ကို ရောပြီး ချောချောမွတ်မွတ် လိမ်းထားပါ
- အဲဒီ mixture ကို ပေါင်း (steam) လုပ်ပါ
- ပေါင်းပြီးရင် အပြားလေးတွေလို လှီးပါ
- အပေါ်မှာ
အုန်းသီး
နှမ်း
ပန်ချိုရည်
ဖြန်းပြီး ပြင်ဆင်ပါ
🌿 သမိုင်းကြောင်း
ခေါ်ပြင် / ခွက်ပြင် မုန့်ဆိုတာကရင်လူမျိုးတိုရဲ့ရိုးရာ မုန့်တစ်မျိုးဖြစ်ပါတယ်။ခေါ်ပြင်မုန့်ကိုရှေးဟောင်းကာလ တောတွင်းနေထိုင်မှုအချိန်ကတည်းက စတင်စားလာကြတာဖြစ်ပါတယ်။ကရင်လူမျိုးတွေဟာ
စိုက်ပျိုးရေးအခြေခံ၊ သဘာဝအစားအစာကို အသုံးများသောကြောင့် ဆန်ကို ပေါင်းပြီး အလွယ်တကူစားနိုင်တဲ့ မုန့်အဖြစ် တီထွင်လာကြတယ်။ခေါ်ပြင်မုန့်က ရိုးရှင်းမှု + သဘာဝနဲ့နီးကပ်မှု + မိသားစုအချစ် ကို ကိုယ်စားပြုတယ်။ခေါ်ပြင်မုန့်ကို သဘာဝပါဝင်ပစ္စည်းများနှင့် စက်ပစ္စည်းမသုံးဘဲ လက်ဖြင့်လုပ်ထားသောကြောင့်အစားအစာတစ်ခုတည်းမဟုတ်ဘဲ လူမှုရေး၊ မိသားစုဆက်ဆံရေးကိုပါ ပေါင်းစည်းပေးတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။
🌿ပါဝင်ပစ္စည်းများ
- ဆန်မှုန့် + ရေ + ဆား ကို ရောပြီး ချောချောမွတ်မွတ် လိမ်းထားပါ
- အဲဒီ mixture ကို ပေါင်း (steam) လုပ်ပါ
- ပေါင်းပြီးရင် အပြားလေးတွေလို လှီးပါ
- အပေါ်မှာ
အုန်းသီး
နှမ်း
ပန်ချိုရည်
ဖြန်းပြီး ပြင်ဆင်ပါ
မျှစ်ဟင်းခါး
👨🍳 ပြုလုပ်ပုံ:
1. မျှစ်ပြင်ဆင်ခြင်း
မျှစ်ကို လှီးပြီး ရေနဲ့ပြုတ် (ခါးရင် အကြိမ်အနည်းငယ်ပြုတ်)
မျှစ်ချဉ်ဖြစ်ရင် တိုက်ရိုက်သုံးလိုရ
2. ဟင်းအခြေပြုလုပ်ခြင်း
ကြက်သွန်၊ ငရုတ်သီး၊ ဂျင်းကို ထောင်း
ငါးပိနည်းနည်းထည့်ပြီး အနံ့ထွက်အောင် ပြုတ်
3. မျှစ်ထည့်ချက်ခြင်း
မျှစ်ထည့်ပြီး ရေထည့်
ငါး/အသား ထည့်ချင်ရင် ဒီအဆင့်မှာထည့်
4. ဟင်းခါးအဖြစ်ပြုလုပ်ခြင်း
ရေများများထည့်ပြီး ဟင်းခါးပုံစံဖြစ်အောင်ချက်
အရွက်တွေ နောက်ဆုံးမှာထည့်
5. အရသာချိန်
ဆား၊ ငါးပိနဲ့ အရသာညှိ
ခါးသက်သက် + ချဉ်နည်းနည်း ဖြစ်ရင် အကောင်းဆုံး
6. အရသာအဓိကအချက်က
မချို၊ မဆီ၊ သဘာဝအရသာပဲ ဖြစ်ရပါမယ်
🌿 သမိုင်းကြောင်း
မျှစ် ( ဝါးနု )+ ဟင်းခါး (ရေများပြီးခါးသက်သက်ရှိတဲ့ဟင်း)
ကရင်ရိုးရာ မျှစ်ဟင်းခါး က အရသာလည်းထူး၊ ကျန်းမာရေးအတွက်လည်းကောင်းတဲ့ သဘာဝဟင်းတစ်မျိုးပါ။ကရင်လူမျိုးတွေဟာ ရှေးဟောင်းကတည်းက တောတောင်ထဲမှာနေထိုင်ခဲ့သူတွေ ဖြစ်ပါတယ်။အဲ့ဒီအချိန်ကတည်းကသဘာဝအစားအစာ (မျှစ်၊ သစ်ရွက်၊ မှိ) ကို အသုံးပြုပြီးမျှစ်ဟင်းခါးလို ဟင်းများကို စားသုံးလာခဲ့ကြတာပါ။အနည်းဆုံးရာစုနှစ်များစွာ လောက်တောင်ရှိနေပြီလိုယူဆနိုင်ပါတယ်။မျှစ်ဟင်းခါး သည်ရိုးရာအထိမ်းအမှတ်အစားအစာတစ်ခုအဖြစ် ပွဲတော်၊ မိသားစုစားဝိုင်းတွေမှာ မဖြစ်မနေပါဝင်တဲ့ အရေးကြီးဆုံးဟင်းလျာတစ်မျိုးဖြစ်ပါတယ်။
🌿ပါဝင်ပစ္စည်းများ
- မျှစ် (တစ်ခွက် / လတ်လတ်ဆတ်ဆတ် သိုမဟုတ် မျှစ်ချဉ်)
- ငါး သိုမဟုတ် အသား (ဝက်၊ ကြက်) – (ရွေးချယ်နိုင်)
- ငါးပိ (အနည်းငယ်)
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ငရုတ်သီး (စိမ်း/ခြောက်)
- ဂျင်း (အနည်းငယ်)
- သစ်ရွက်မျိုးစုံ (တောရွက် / မုန်လာရွက် / ပင်စိမ်း)
- ဆား
- ရေ
တချိုဒေသတွေမှာ
- မျှစ်ချဉ် ကို ပိုအသုံးများပါတယ်
- အရွက်ခါးမျိုးတွေ ထည့်ပြီး အရသာထူးအောင်လုပ်ကြပါတယ်
🌿 ကျန်းမာရေးကောင်းကျိုး:
✔️ သဘာဝပစ္စည်းအပေါ်မူတည်မှု
- တောထဲမှာ မျှစ်တွေ အများကြီးရှိ
- လွယ်လင့်တကူ ရနိုင်
✔️ အစာရေရှည်ထိန်းသိမ်းမှု
- မျှစ်ကို ချဉ်ဖောက် လုပ်ပြီး သိမ်းထား
- မိုးရာသီ / အစားအစာခက်ခဲချိန်မှာ အသုံးပြု
✔️ ကျန်းမာရေးအမြင်
- ဆီမလို၊ သဘာဝဟင်း
- အစာချေစနစ်ကောင်းမွန်မှု တိုဖြစ်ပါတယ်။