ကချင်ရိုးရာ အစားအသောက်များ
အရသာထူးကဲပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာများ
ကချင်စကောထမင်း
👨🍳 ပြုလုပ်ပုံ:
၁။ အသားနှင့် အရွက်များ ပြင်ဆင်ခြင်း
ဦးစွာ ဂျင်းနှင့် ကြက်သွန်ဖြူကို ထောင်းထားပါ။
အိုးတစ်ခုထဲတွင် ဆီအနည်းငယ်ထည့်ပြီး ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တိုကို ဆီသတ်ပါ။
ပြီးနောက် အသားကိုထည့်ပြီး အသားထဲမှ ရေခန်းသည်အထိ လုံးပေးပါ။
အသားနူးသွားစေရန် ရေအနည်းငယ်ထည့်ပြီး တည်ထားပါ။ အသားနူးခါနီးတွင် မျှစ်နှင့် အခြားအသီးအရွက်များကို ထည့်လုံးပါ။
၂။
ဆန်ကို ဆေးကြောပြီး ပုံမှန်ထက် ရေအနည်းငယ်လျှော့၍ တည်ပါ။ (ထမင်းသား အနည်းငယ် မာမာလေးဖြစ်မှ နယ်ရသည်မှာ ကောင်းပါသည်)။
၃။
ထမင်းကျက်ပြီဆိုလျှင် ချက်ထားသော အသားဟင်းအနှစ်များ၊ ငရုတ်သီးစိမ်းထောင်း၊ ဖက်ဖယ်ပင်၊ နံနံပင်တိုနှင့် ရောနယ်ပါ။
အရသာအတွက် ဆားနှင့် ကြက်သားမှုန့်ကို လိုသလို ချိန်ညှိထည့်ပါ။
၄။
ကချင်ရိုးရာအတိုင်း စကောထဲတွင် ဖက်ရွက်ခင်းပြီး တည်ခင်းပါ။
ဘေးမှ ငါးပိထောင်း၊ ဟင်းချိုပူပူလေးနှင့် အသားကင်တိုဖြင့် တွဲဖက်စားသုံးနိုင်ပါသည်။
🌿 ကျန်းမာရေးကောင်းကျိုး:
ဂျင်းနဲ့ ငရုတ်ကောင်း ပါဝင်မှုကြောင့် အစာကြေစေပြီး ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။
🌿ပါဝင်ပစ္စည်းများ
• ထမင်း: ဆန်ညှင်းထမင်း (သိုမဟုတ်) ဆန်ဖြူ/ဆန်ကြမ်း
• အသားဟင်း: ကချင်ရိုးရာချက်နည်းဖြင့် ချက်ထားသော ကြက်သား၊ ဝက်သား (သို) ငါး
• အရွက်/ဟင်းသီးဟင်းရွက်: ပြုတ်ရည်၊ တောက်တောက်စဉ်းထားသော ဟင်းရွက်များ၊ ငရုတ်သီးစိမ်း
• အစပ်နှင့် အရသာ: ကချင်ငါးပိထောင်း၊ ကချင်အချဉ်ပေါင်း (ခရမ်းချဉ်သီး/ရွက်)
• အပြင်အဆင်: ဖက်ရွက် (ဖက်ဖရု) ကို စကောထဲတွင် ခင်း၍ ဟင်းများကို စုံလင်စွာစုစည်းထားခြင်း
ကချင်ရိုးရာခေါင်ရည်
👨🍳 ပြုလုပ်ပုံ:
ကချင်ခေါင်ရည် (စပီ) သည် ကောက်ညှင်းဆန်၊ ဆန်နီ သိုမဟုတ် ပြောင်းဖူးကို ပြုတ်၊ ၎င်းကို တဆေး (သိုမဟုတ်) တဆေးတုံး နှင့်ရောကာ ရိုးရာနည်းလမ်းအတိုင်း အချဉ်ဖောက်၍ ချက်လုပ်သည့် အအေးခံသောက်စရာဖြစ်သည်။ ၎င်းကို အမောပြေစေရန်၊ အားရှိစေရန်နှင့် ရိုးရာပွဲလမ်းများတွင် အဓိကထား၍ အသုံးပြုကြသည်။
ကချင်ရိုးရာခေါင်ရည် ဖြစ်ပေါ်လာပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည် -
ကောက်ညှင်းဆန်ကို အဓိကအသုံးပြုပြီး ပိုမိုမွှေးပျံ့စေရန် ဆန်နီနှင့်လည်း ရောချက်လေ့ရှိသည်။
ပြင်ဆင်ခြင်း: ဆန်ကို ကျက်အောင်ပေါင်းပြီးနောက်၊ အေးသွားစေရန် ဖြန့်ထားရသည်။
တဆေးရောခြင်း: အေးသွားသောဆန်ကို ကချင်ရိုးရာတဆေးမှုန့် (သိုမဟုတ်) တဆေးတုံးဖြင့် သမအောင်နယ်ရသည်။
အချဉ်ဖောက်ခြင်း: တဆေးနယ်ထားသောဆန်ကို အိုးထဲထည့်ပြီး လေလုံအောင်ပိတ်ကာ (၂) ရက်မှ (၃) ရက်ခန့် (သိုမဟုတ်) ရက်သတ္တပတ်အနည်းငယ်အထိ ထားရှိ၍ အချဉ်ဖောက်သည်။
အရည်ထုတ်ခြင်း: အချဉ်ဖောက်ပြီးသော ကောက်ညှင်းအရောကို ရေထည့်ပြီးနောက် စစ်ထုတ်၍ ခေါင်ရည်ချိုမြမြကို ရရှိသည်။
🌿 ကျန်းမာရေးကောင်းကျိုး:
ခေါင်ရည်သည် အားအင်ကုန်ခမ်းခြင်းကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။
အလှအပ: အသားအရေကို စိုပြေလှပစေရန် ကူညီပေးနိုင်သည်။
ရိုးရာယဉ်ကျေးမှု: ကချင်လူမျိုးတို၏ ဧည့်ခံကျွေးမွေးမှုဓလေ့တွင် အဓိကပါဝင်ပြီး ချစ်ကြည်ရင်းနှီးမှုကို တိုးပွားစေသည်။
အရသာ: ချိုအိသောအရသာရှိပြီး၊ တဆေးအစွမ်းဖြင့် ကစော်ဖောက်ထားသော သဘာဝအရက်အမျိုးအစား ဖြစ်သည်။
ခေါင်ရည်သည်သွေးလည်ပတ်မှုကိုကောင်းစေပြီးအအေးပိုင်းဒေသများတွင်ခန္ဓာကိုယ်အပူချိန်ကိုတိုးစေနိုင်ပါသည်။ခေါင်ရည်အနည်းငယ်သောက်ပါကအိပ်ပျော်လွယ်စေနိုင်ပါသည်။စိတ်ဖိစီးမှုရှိပါကခေါင်ရည်သောက်ခြင်းကြောင့်စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်ပါသည်။
🌿 ပါဝင်ပစ္စည်းများ:
ဆန် (သို) ကောက်ညှင်းဆန် – အဓိကပါဝင်ပစ္စည်း
ခေါင်ရည်ချောင်း (Yeast cake / ဖာမန့်စေသောပစ္စည်း) – ချိုမြိန်အနံ့ဖြစ်စေဖို အသုံးပြု
ရေ – ဖျော်ရန်
သဘာဝအပင်/အရွက်များ (တချိုနေရာတွင်) – အနံ့နဲ့အရသာထူးစေဖို ထည့်သုံးတတ်
ကြက်ကချင်ချက်
👨🍳 ပြုလုပ်ပုံ:
ကြက်သားကို ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ နနွင်းတိုနဲ့ အရင်နယ်ထားပါ။
ငရုတ်သီးစိမ်းနှင့် ဖက်ဖယ်စေ့ (ကချင်အမွှေးအကြိုင်) တိုကို ထောင်းပြီး ကြက်သားနှင့်အတူ ရေခမ်းသည်အထိ လုံးချက်ပါ။
ဟင်းကျက်ခါနီးတွင် ချဉ်စော်ကားသီး (သို) ရှောက်သီးကင်း ထည့်ပြီး ရှမ်းနံနံ၊ ပင်စိမ်းတိုအုပ်၍ အနံ့မွှေးအောင် ပြုလုပ်ပါ။
🌿 ကျန်းမာရေးကောင်းကျိုး:
သွေးလေကောင်းခြင်း: ဖက်ဖယ်စေ့နဲ့ ဂျင်းပါဝင်လို သွေးလေလည်ပတ်မှုကို အားပေးပြီး အအေးမိ၊ နှာစေးတာကို သက်သာစေပါတယ်။
အစာကြေလွယ်ခြင်း: ဆီအလွန်နည်းတဲ့ ဟင်းဖြစ်လို ကျန်းမာရေးနဲ့ ညီညွတ်ပြီး အစာကြေညက်မှုကို ကူညီပေးပါတယ်။
🌿ပါဝင်ပစ္စည်းများ
အဓိကအသား: ကြက်သား (ဗမာကြက်ဆိုရင် ပိုကောင်းပါတယ်)။
အမွှေးအကြိုင်: ဖက်ဖယ်စေ့ (Prickly Ash) - ဒါက ကချင်ဟင်းရဲ့ အသက်ပါ။
အသီးအရွက်: ရှမ်းနံနံ၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဂျင်း၊ ကြက်သွန်ဖြူ။
အရသာ: ချဉ်စော်ကားသီးခြောက် (သို) ရှောက်သီးကင်း (အချဉ်ဓာတ်အတွက်)။
ကချင် ငါးဖက်ထုပ်ပေါင်း
👨🍳 ပြုလုပ်ပုံ:
ငါးကို မိမိစိတ်ကြိုက် အတုံးအကြီး ( အသေး ) တုံးပါ
အရွက်စုံ ကြက်သွန်ဖြူ ငရုပ်သီး အမှုန့်အစုံ ရောသမ ပီးထောင်းပါ
ဆီ ဆား ကြက်သားမှုန့် ခပ်ပါ
ဆီပါတယ်ဆို ရုံလေး ထည့်ပါ
မက်လင်ချဥ် ထည့်ပါ
သံပုရာသီး 1 စိပ် အရည်ညှစ်ထည်ပ့ါ
ပါဝင်ပစည်း စုံရင် ရောသမအောင်နယ်ပါ
အရသာ စိမ့်ဝင်စေရန် 45 မိနစ် နှပ်ပါ
ဖက် နဲ့ထုပ် ပီး ရေဆူဆူမှာ
1 နာရီ ပေါင်းပေးရပါမယ်
🌿 လူကြိုက်များပုံ
kachin ရိုးရာဟင်းတွေထဲမှာ အရမ်းကိုလူကြိုက်များတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်
တောသူ/တောင်သား ဘဝထဲကစပီး ယနေ့ခေတ်လို ဖွံဖြိုးတိုးတက်လာတဲ့ အချိန်အထိ ဖက်နဲ့ပေါင်းတဲ့ ငါးဖက်ထုပ်ပေါင်းကို နှစ်ခြိုက်စွဲလမ်းစွာ လူကြိုက်များနေဆဲဖြစ်နေတာကြောင့် Kachin identity dish လိုတောင် ခေါ်လိုရပါတယ်
မိသားစုစုံညီပွဲ / အခမ်းအနားပွဲ နဲ့ ရိုးရာပွဲတွေမှာ ဧည့်ခံ ကျွေးမွေးကြပါတယ်
🌿 ပါဝင်ပစ္စည်းများ:
ငါးကြင်းဖြူ
မက်လင်ချဥ်
ဆီ
ဆား
ကြက်သားမှုန့် ( မကြိုက်ရင်မထည့်ပါနဲ့ရှင့် )
ကြက်သွန်ဖြူ
ငရုပ်သီးခြောက် / စိမ်း
သံပုရာသီး
သစ်ဂျပိုး ခေါက်အမှုန့်
နံနံစေ့ အမှုန့်
မကျန် ( အထုံအမှုန့် )
ပင်စိမ်းရွက်
ဖက်ဖယ် ရွက်
နံနံပင်
ရှမ်းနံနံ