မွန်ရိုးရာ အစားအသောက်များ

အရသာထူးကဲပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာများ

Kachin Chicken Curry

သင်္ကြန်ထမင်း

👨‍🍳 ပြုလုပ်ပုံ:

အဆင့် (၁) ထမင်းပြင်ဆင်ခြင်း ဆန်ကို ဆန်ပြုတ်ကဲ့သို နူးအိအောင်ချက်ပြီး ဇကာဖြင့် ရေစစ်ပါ။ ထမင်းစေးများ ကုန်စင်အောင် ရေအေးဖြင့် အထပ်ထပ်ဆေးကာ ရေခဲဖြင့် အေးအောင် ထားပါ။
အဆင့် (၂) ဖယောင်းရေ (သင်းရေ) ပြုလုပ်ခြင်း မီးရဲနေသော မီးသွေးခဲပေါ်သို နံ့သာနှင့် ဖယောင်းဖတ်များတင်၍ ရရှိလာသော အငွေ့ကို မြေအိုးထဲတွင် လုံအောင်ပိတ်၍ ဖမ်းပါ။ ထိုနောက် သောက်ရေလောင်းထည့်ပြီး အနံ့စိမ့်ဝင်အောင် အဖုံးအုပ်ထားပါ။
အဆင့် (၃) သရက်သီးငါးခြောက်ထောင်းကြော် ငါးခြောက်ကို ပြုတ်၍ ညက်အောင်ထောင်းပါ။ ဆီပူတွင် ငရုတ်သီးခြောက်နှင့် ကြက်သွန်နီကို အရင်ကြော်ပြီး ဆယ်ထားပါ။ ကျန်ဆီဖြင့် ငါးခြောက်ထောင်းကို ခြောက်အောင်ကြော်ပြီးမှ သရက်သီးခြစ်နှင့် ကြက်သွန်နီအဖတ်များ ထည့်မွှေကာ အရသာသွင်းပါ။

🌿သမိုင်းကြောင်း

မွန်လူမျိုးတို၏ ရိုးရာအစားအစာဖြစ်ပြီး ၁၉ ရာစုတွင် ထိုင်းနိုင်ငံသို Khao Chae အမည်ဖြင့် ပျံ့နှံရောက်ရှိကာ နန်းတွင်းဟင်းလျာ ဖြစ်ခဲ့သည်။ပူပြင်းလှသော နွေရာသီနှင့် လိုက်ဖက်စေရန် ဖယောင်းနံ့သွင်းထားသော ရေအေးဖြင့် ထမင်းကို ရော၍ စားသုံးရသည့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ၏ သင်္ကေတတစ်ခုဖြစ်သည်။ အရသာထူးကဲသော ငါးခြောက်ထောင်းကြော်၊ သရက်သီးငပိကြော် (သိုမဟုတ် သရက်သီးသုပ်) နှင့် ငရုတ်သီးတောင့်ကြော် တိုဖြင့် ရိုးရှင်းသော်လည်း စနစ်တကျ ပြင်ဆင်စားသုံးကြသည်။ နွေအပူကို အောင်းစေပြီး လန်းဆန်းစေတဲ့ ဒီရိုးရာအစားအစာဟာ အခုဆိုရင် တိုင်းရင်းသားအားလုံး နှစ်သက်ကြတဲ့ အထင်ကရ အစားအစာတစ်ခု ဖြစ်နေပါပြီ။

🌿ပါဝင်ပစ္စည်းများ

ထမင်း: ဆန်ကောင်း၊ ရေခဲတုံး။ သင်းရေ (ဖယောင်းရေ): သောက်ရေသန့်၊ နံ့သာတုံး၊ ပျားဖယောင်း၊ မီးသွေးခဲ။
ဟင်းပွဲ: ငါးခြောက်၊၊ သရက်သီးစိမ်း၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်တောင့်။

Kachin Chicken Curry

ကောက်လှိင်းတီ မုန့်

👨‍🍳 ပြုလုပ်ပုံ:

(၁) ကောက်လှိင်းတီပန်းကို ရေအနည်းထည့်ပြီး ကျေသွားသည်အထိ Blender နဲ့ ကြိတ်ပေးရပါမယ်။ Blender မရှိရင် ကောက်လှိင်းတီပန်းထဲကို ရေထည့်ပြီး ခရမ်းရောင်လေးတွေထွက်သည်အထိ ချေပေးပါ ပြီးရင် အဖတ်တွေဖယ်ပြီးအရည်စစ်ယူထားရပါမယ်နော် (၂) ထန်းလျက်ကိုကျေအောင်ထောင်းပြီး ရေနည်းနည်းလေးနဲ့ဖျော်ပြီး ထန်းလျက်ရည်လုပ်ထားပေးရပါမယ် (၃) ခုနတုန်းက ကြိတ်ထားတဲ့ ကောက်လှိင်းတီအရည်ထဲကို ဆန်မှုန့် ၁၀သား ပီလောပီနံမှုန့် ၅ကျပ်သား ဆားအနည်းငယ် ထန်းလျက်ရည် ထည့်ပြီး မွှေပေးပါ ( ဆန်မှုန့်နဲ့ ပီလောပီနံမှုန့်က ထက်ဝက်အချိုးကွာရပါမယ် ) (၄) ပေါင်းမည့်အိုးထဲသို ထည့်ပြီး နှစ်သက်သောပုံစံခွက်ဖြင့် မိနစ် ၃၀ လောက် ပေါင်းပေးပါ။ (၅) မိနစ် ၃၀ ပြည့်ပြီဆိုရင် တင်းတင်းအိအိလေးဖြစ်နေတဲ့ ကောက်လှိင်းတီမုန့်လေးရပါပြီနော်

🌿ပါဝင်ပစ္စည်းများ

ကောက်လှိင်းတီပန်း ဆန်မှုန့် ပီလောပီနံမှုန့် ဆား ထန်းလျက်

Kachin Chicken Curry

ထန်းသီး မုန့်လက်ဆောင်း

👨‍🍳 ပြုလုပ်ပုံ:

ထန်းသီးမုန့် လက်ဆောင်းလုပ်ပုံမှာ မုန့်လက်ဆောင်းအဖတ်အစား ထန်းသီးနုကို ပါးပါးလှီးထည့်ခြင်းဖြစ်သည်။ အုန်းနိုရည်ကို သကြားနှင့် ဖျော်ပါ။ အချိုလေးစေရန် ဆားအနည်းငယ်ခန့်ထည့်ပါ။ ပါးပါးလှီးထားသော ထန်းသီးနု မိမိတို လိုသလောက်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

🌿သမိုင်းကြောင်း

ဆောင်းအကုန်နွေအကူးတွင် မွန်ဒေသများ၌ ထန်းသီးနုလှိင်လှိင်ထွက်ကြပြီး ဖြစ်သည်။ ထိုထန်းသီးနု လှိင်လှိင်ထွက်ချိန်တွင် မွန်လူမျိုးတို၏ ကလေးကင်ပွန်းတပ်သော အချိန်တွင်လည်း ကောင်း၊ အိမ်သစ်ဆောက်ချိန် တိုင်ထူသောနေ့တွင်လည်းကောင်း၊ နေ့လည်နေ့ခင်း အဆာပြေ အတွက်လည်းကောင်း၊ ထန်းသီးနုနှင့်လုပ်သောမုန့်လက်ဆောင်းလုပ်ကိုင်ကြသည်။

🌿 ကျန်းမာရေးကောင်းကျိုး:ဆိုးကျိုး-

Vitamin A, C, E, K နှင့် ပိုတက်စီယမ်တို ပါဝင်သဖြင့် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ကို လန်းဆန်းစေသည်။အမျှင်ဓာတ် ပါဝင်မှုကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေကာ အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုသည်။ခန္ဓာကိုယ်အတွင်း အပူကို လျှော့ချပေးနိုင်သော သဘာဝ အာနိသင်ရှိသည်။ ဆိုးကျိုး ထည့်သွင်းအသုံးပြုသည့် သကြား၊ ထန်းညက်နှင့် အုန်းနိုတိုကြောင့် ကယ်လိုရီနှင့် အချိုဓာတ် များပြားနိုင်သဖြင့် ဆီးချိုသမားများ အထူးသတိပြုရန် လိုအပ်သည်။အချဉ်ဖောက်ထားသော နည်းလမ်းဖြင့် ပြုလုပ်ပါက အစာအိမ်အချဉ်ပေါက်တတ်သူများတွင် ရင်ပူခြင်း ဖြစ်စေနိုင်သည်။အုန်းနို အလွန်အကျွံပါဝင်ပါက အစာမကြေခြင်းနှင့် ကိုလက်စထရော တက်ခြင်းတိုကို ဖြစ်စေနိုင်သည်။ ထန်းသီးမုန့်လက်ဆောင်းကို ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးနိုင်ရန် အချိုဓာတ်နှင့် အုန်းနိုပမာဏကို လျှော့ချ၍ သင့်တင့်ရုံသာ စားသုံးခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

🌿ပါဝင်ပစ္စည်းများ

၁။ ထန်းသီးနု ၂။ သကြား ၃။ အုန်းနို ၄။ ဆားအနည်းငယ်

Kachin Chicken Curry

ထမင်းနဲ

👨‍🍳 ပြုလုပ်ပုံ:

​ဟမနဲ ပြုလုပ်ခြင်းသည် တစ်ဦးတစ်ယောက်တည်း လုပ်၍မရဘဲ "စုပေါင်းအင်အား" ကို ဖော်ကျူးသည့် လုပ်ငန်းစဉ်ဖြစ်သည်။ အမျိုးသမီးများက ဆန်ဆေးခြင်း၊ ချင်းလှီးခြင်း၊ အုန်းသီးစိပ်ခြင်းနှင့် နှမ်းလှော်ခြင်းတိုကို စေ့စေ့စပ်စပ် ပြင်ဆင်ကြသည်။ ​ဒယ်အိုးကြီးများတွင် ဆီသတ်ကာ ကောက်ညှင်းဆန်ကို နူးအောင်ချက်သည်။ ​ကောက်ညှင်းသား ကျစ်လျစ်လာစေရန် သန်မာသော အမျိုးသားများက ယောင်းမကြီးများဖြင့် ဝိုင်းဝန်းမွှေနှောက် နှိပ်နယ်ကြသည်။ ​အားလုံးသမသွားသောအခါ ဘုရား၊ သံဃာများကို ဦးဦးဖျားဖျား ကပ်လှူပြီး အိမ်နီးနားချင်းများကို မေတ္တာဖြင့် ဝေငှကြသည်။

🌿သမိုင်းကြောင်း

မွန်ဘာသာစကား "ဟမ" (Hama - နယ်ခြင်း) နှင့် "နဲ" (Nne - နှမ်း) တိုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး "နှမ်းဖြင့်နယ်ထားသော အစားအစာ" ဟု အဓိပ္ပာယ်ရသည်။ မြန်မာစကား "ထမင်းနဲ" သည် မွန်စကား "ဟမနဲ" မှ အသံဖလှယ်ယူထားခြင်း ဖြစ်သည်။ ရှေးဟောင်းသထုံနှင့် ဟံသာဝတီခေတ်ကတည်းက စိုက်ပျိုးရေးနှင့် နတ်ကိုးကွယ်မှုဓလေ့ (Animism) မှ မြစ်ဖျားခံခဲ့သည်။ ကောက်ဦးပေါ်ချိန်တွင် လယ်စောင့်နတ်ကို ပူဇော်ရာမှ စတင်ခဲ့ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာနှင့် ရောယှက်ကာ ဘုရား၊ သံဃာတိုကို ကပ်လှူသော "ယာဂု" အဖြစ် အသွင်ပြောင်းလဲ ထိန်းသိမ်းခဲ့ကြသည်။

🌿ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန် (အသစ်) ဆီ၊ ချင်း (ဂျင်း)၊ အုန်းသီးစိပ် နှမ်း (အနက်/အဖြူ)၊ မြေပဲဆန် အချိုဒေသများတွင် ထန်းလျက် သိုမဟုတ် ငှက်ပျောသီး ထည့်သွင်းတတ်သည်။